စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အောက်တိုဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းဖြင့် Super Market, Mini Mart, Grocery တို့တွင် Consumer Packaging ပြုလုပ်ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ်ဈေးမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊၊
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာမှာ ၈-၁၀-၂၀၂၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ် Capital Supermarket နှင့် သင်္ဃန်းကျွန်းမြို့နယ် Junction (ဇဝန) အရောင်းစင်တာများရှိ ဆန်ဈေးနှုန်းများကိုစစ်ဆေးခဲ့ပြီး၊ တာဝန်ရှိသူအား စားသုံးသူပြည်သူများသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)