![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/29_12.jpg?itok=NI6WDykf)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ စားအုန်းဆီပေပါ(၆၄)ပေပါနှင့် Mahar Phone Let Yone ကုမ္ပဏီမှ စားအုန်းဆီ (၃၇)ပေပါတို့ တင်ဆောင်လာသောမော်တော်ယာဥ်များသည် (၈.၁၀.၂၀၂၄)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း မြိတ်ခရိုင်ဆီကိုယ်စားလှယ်ထံမှသိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)