မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်၊ စကားဝါလမ်းတွင် ရောင်းချနေသော A.A.A အမှတ်တံဆိပ်ဒိန်ချဉ်၊ ထိုးမုန့်အမျိုးမျိုးရောင်းချနေသောလုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားပါရှိစေရေးအတွက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မိမိထုတ်လုပ်သောထုတ်ကုန်များပေါ်တွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ၊ ဘေးအန္တရယ်ကင်းရှင်းရေးနှင့် သက်တမ်းလွန်မုန့်များ ရောင်းချခြင်းမရှိစေရေးဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)