မြိတ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်း အ‌ရောင်းဆိုင်များအားကွင်းဆင်း

Powered by Drupal

      ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြိတ်မြို့၊ တောရကျောင်းရပ်ရှိ ဆောက်လုပ်ရေးပစ္စည်းအ‌ရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေများ၏ လက်ကျန်နှင့် စျေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်းအ‌ရောင်းဆိုင်များတွင် ဘိလပ်မြေများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ပစ္စည်းဝင်ရောက်မှုအခြေအနေနှင့် စျေးနှုန်းများ စုံစမ်းမေးမြန်းခဲ့ပြီး ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပါရှိစေရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)