ပြည်ဒေသထွက် မုန်လာဥဖြူဈေးကွက်အခြေအနေ

Powered by Drupal

        ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်ဒေသအတွင်းရှိသော မှော်ဇာရွာ၊ တောင်လုံးညိုရွာ၊ ပုတီးကုန်း၊ သဲကုန်းဒေသများတွင်  မုန်လာဥဖြူများလှိုင်လှိုင်ထွက်ပေါ်နေပြီး ယခင်နှစ်ထက်ပို၍ ဈေးကောင်းရရှိကြောင်းသိရပါသည်။ စက်တင်ဘာလတွင် မုန်လာဥဖြူများ ဈေးကွက်အတွင်း၌ ရောင်းချနေသည့်ဈေးနှုန်းများမှာ အလုံးချော (၅)လုံးပါ တစ်တွဲလျှင် (၂၀၀၀)ကျပ်နှင့် အလုံးအလတ် (၅)လုံးပါတစ်တွဲလျှင် (၁၅၀၀)ကျပ်၊ အပင်အသေးအညှပ်များမှထွက်ရှိသည့် မုန်လာဥများအား ချဉ်ဖတ်အဖြစ် ပြုလုပ်ရောင်းချသည့်အနေအထားများမှာ အစည်းတစ်စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်းသိရှိရပါသည်။

          မုန်လာဥများသည် စတင်စိုက်ပျိုးပြီး (၃၀)ရက်ခန့်အကြာတွင် ဥများထွက်ပေါ်လာပြီး နုတ်သိမ်းရပါသည်။ မုန်လာဥအမျိုးအစားလိုက်၍ တစ်ဧကလျှင် ပေါင်(၅၀၀၀/၆၀၀၀)ခန့်ထွက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)