မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ဆင်ဖြူကျွန်းမြို့တွင် စိုက်ပျိုးလေ့ရှိသော်လည်း အာလူးထွက်ပေါ်ချိန်မဟုတ်သည့်အတွက် ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ အာလူးများဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် အာလူး(ကြီး) တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အာလူး(လတ်) ကျပ် (၅၀၀၀)၊ အာလူး(သေး) ကျပ်(၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စက်တင်ဘာလ(စတုတ္ထပတ်)တွင် အာလူး(ကြီး) တစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ အာလူး(လတ်) ကျပ် (၄၅၀၀)၊ အာလူး(သေး) ကျပ်(၃၈၀၀)ဈေးရှိခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀-၅၀၀)ခန့်ထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် သယ်ယူစရိတ်မြင့်မားခြင်းကြောင့်လည်းကောင်း၊ ဈေးကွက်တွင် ဝင်ရောက်မှုနည်းသောကြောင့်လည်းကောင်း ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)