ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် ပြည်ပဝယ်လက်ပဲတချို့ ဈေးမြင့်တက်လာသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသောပဲများထဲတွင် ပဲနီပြား၊ ထောပတ်ပဲ၊ စားတော်ပဲဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများထဲမှ ပဲနီပြားသီးနှံသည် ယခုနှစ်တွင် ဈေးကောင်းဝင်သော ပဲသီးနှံထဲပါဝင်နေပြီး ယခုလအတွင်း ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ကျပ် (၁၃၄၀၀၀) ကျပ်အထိရရှိခဲ့ပါသည်။ ယခင်နှစ် စက်တင်ဘာလအတွင်း ပဲနီပြားတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ရရှိခဲ့သော်လည်း ယခုနှစ်လက်လီပဲဈေးကွက်မှာ ပဲသီးနှံအားလုံးနီးပါး ဈေးမြင့်တက်ခဲ့သည့်အတွက် ပဲနီပြားသီးနှံသည်လည်း ယခင်နှစ် ကာလတူအချိန်ထက် ဈေးပိုမြင့်တက်လာပါသည်။ ယခုကာလတွင် ပဲသစ်ဝင်ရောက်ခြင်းမရှိသော်လည်း ပဲဟောင်းလက်ကျန်များရှိသောကြောင့် အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်ကားဝယ်ယူမှုရှိသည့်ရက်တွင် အိတ်၁၀၀ကျော်ရောင်းချမှုဖြစ်ခဲ့ပြီး လက်လီသမားအနေဖြင့် ပုံမှန်ရောင်းဝယ်ဖြစ်နေပြီး တစ်ရက်လျှင် အိတ်၂၀ကျော် ၃၀ခန့်ရောင်းဝယ်ခဲ့ကြရကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)