မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုပ္ပါး၊ ကျောက်ပန်းတောင်းနယ်မှ ထွက်ရှိသောထိုင်ဝမ်ခရမ်းချဉ်သီး၊ ရှမ်းပြည်နယ် အင်းလေးဒေသမှထွက်ရှိသာ ထိုင်ဝမ်ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသတွင်းခရမ်းချဉ်သီးများမှာ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် မန္တလေးတိုင်းဒေသကြီး ပုပ္ပါး၊ ကျောက်ပန်းတောင်းမှ ထွက်ရှိသော ခရမ်းချဉ်သီးတစ် ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၂၆၀၀)၊ ရှမ်းပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၃၀၀) ဖြင့်ရောင်းချခဲ့ပြီး အောက်တိုဘာလ(ပထမပတ်)တွင် ပုပ္ပါး၊ ကျောက်ပန်းတောင်းမှ ထွက်ရှိသော ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၄၀၀၀)၊ ရှမ်းပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသော ခရမ်းချည်သီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၀၀၀)ဖြစ်ပြီး စက်တင်ဘာလ (စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ကျပ်(၇၀၀-၁၄၀၀)ခန့် ဈေးတက်နေကြောင်း၊ တစ်နေ့လျှင် ပိဿာချိန်(၃၀၀၀ မှ ၅၀၀၀) ထိဝင်ရောက် အရောင်းအဝယ် ဖြစ်နေကြောင်း မြို့မ ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)