ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမား ပုံမှန်အဝယ်ရှိခဲ့သည့် ပြည်ပဲကြီးသီးနှံ ယခုနှစ်တွင် ဈေးအေးနေခဲ့

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်၌ နေ့စဉ် ပဲကြော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်းအဝယ်ဖြစ်နေသော ပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်ပြီး ပဲလက်ကျန်များ နေ့စဉ်အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူမှုရှိကာ တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ ကျော်ရောင်းဝယ်မှုဖြစ်ပြီး ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်းလျှင် ၉၂၀၀၀ကျပ်မှ ၉၃၀၀၀ကျပ်၊ (ကမ်းနား) တစ်တင်းလျှင် ၈၅၀၀၀ကျပ်မှ ၈၆၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေခဲ့ကြပါသည်။  ယခင်နှစ် ပဲကြီးသီးနှံသည်  မတ်ပဲသီးနှံထက်ပင် ဈေးပိုမြင့်ခဲ့သော်လည်း ယခုနှစ်တွင် ပဲကြီးသီးနှံဈေးနှုန်းသည် သိသိသာသာမြင့်တက်လာခြင်းမရှိဘဲ မတ်ပဲသီးနှံအနေဖြင့် ယခုနှစ်တွင် ပဲဈေးနှုန်းများသိသိသာသာမြင့်တက်လာခဲ့ကာ ကျပ် ၁၃၁၀၀၀ကျော်အထိရရှိလာသည့်အတွက် ပဲကြီးသီးနှံဈေးထက် ဈေးပိုနေခဲ့ပါသည်။ ယခင်နှစ် ကာလတူချိန်၌ ပဲကြီးသီးနှံဈေးမှာ(ရွှေကျွန်း) တစ်တင်းလျှင် ၉၈၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်းလျှင် ၉၅၀၀၀ ကျပ်ဖြင့် အသီးသီးရောင်းဝယ်မှုဖြစ်ခဲ့ကြသည့်အတွက် ယခုနှစ်ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်ထက်ပင် ဈေးအနည်းငယ်လျော့နည်းလာကြောင်းသိရပါသည်။

DOCA(ပဲခူး)