ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလ ပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ ယခုလပိုင်းတွင် ဈေးတက်နေပါသည်။

မတ်ပဲ

       စက်တင်ဘာလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၁၃၃၅၀၀-၁၃၄၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်ရှိပါသည်။ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၂၈၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ရှိပြီး တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၂၈၅၀၀-၁၂၉၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၅၀ခန့်အဝယ်ရှိပါသည်။ စက်တင်ဘာလ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၁၃၁၀၀၀-၁၃၁၅၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၅၀ခန့်အဝယ်ရှိပါသည်။

ပဲစင်းငုံ

          စက်တင်ဘာလ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၆၄၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်ရှိပါသည်။ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၅၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင်  အိတ်၁၅၀ခန့်ရှိပါသည်။ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၅၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၅၆၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။

ကုလားပဲ

          စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၁၄၅၀၀-၁၁၅၀၀၀ ကျပ်၊ မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၉၇၀၀၀-၉၈၀၀၀ ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၁၁၅၀၀ကျပ်၊ တတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၁၀၂၀၀၀-၁၀၂၅၀၀ ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၁၁၁၅၀၀-၁၁၂၀၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများအဝယ်ရှိပါသည်။ စက်တင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၁၀၂၀၀၀-၁၀၂၅၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန်အဝယ် ၂၅၀/၃၀၀ အိတ်ခန့်ရှိပါသည်။

ပဲကြီး

          စက်တင်ဘာလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အိတ် ၁၀၀/၁၅၀ ခန့်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၉၀၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့်ဈေးအေးနေပြီး မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။

ဘိုကိတ်

          စက်တင်ဘာလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်တစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၅၀/၁၀၀ ခန့်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၁၀၀/၁၅၀ ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။

ပြည်ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ်သွက်လျက်ရှိပြီး ပဲကြီးဈေးမှာ အေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)