ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါးကို အဓိကထား စိုက်ပျိုးလျက်ရှိကြသည်။ ယခုနှစ်တွင် ကန်ကြီးထောင့်မြို့နယ်အတွင်း၌ အောက်တိုဘာလတွင် မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ ရိတ်သိမ်းရာတွင် ရိတ်ခြွေစက် များဖြင့် တစ်ဧကလျှင် ကျပ် (၁၅၀၀၀၀) ခန့်ပေးရကြောင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ တောင်သူ ဦးဝင်းဦး၏ ပြောကြားချက်အရ သိရှိပါသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် ဧည့်မထစပါး တစ်တင်းလျှင် ကျပ် (၂၀၅၀၀) ခန့် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြိတ်ခွဲ၍ရသော ဆန်များကို ရန်ကုန်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် နိုင်ငံခြားသို့တင်ပို့လျက်ရှိကြောင်း သိရှိသည်။ စပါး၊ဆန်ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ဈေးကောင်းရရှိသောကြောင့် တောင်သူများ အနေဖြင့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)