ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

        ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့၊ နံနက် ၁၀:၂၀  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ထားဝယ်မြို့၊ ရေးလမ်း၊ ဝဲကျွန်းရပ်၊ ဆင်ဆိပ်ရပ်ရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဆန်အိတ်များကို စနစ်တကျသိုလှောင်ထားရှိမှုများရှိ/ မရှိ၊ အရည်အသွေးပြည့်မီခြင်းရှိ/ မရှိ၊ မြန်မာနိုင်ငံဆန်စပါးသိုလှောင်မှတ်ပုံတင်ဆောင်ရွက်ထားရှိခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)