ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ဧက(၁၂၈၈၁၆)ဧက စိုက်ပျိုးပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ (၈.၁၀.၂၀၂၄)ရက်နေ့အထိ ရိတ်သိမ်းပြီး ( ၈၅၃၅ ဧက ) ရှိပြီး ဆင်းသုခ၊ GW – 11 ၊ ဧဒင်စပါးများ အများဆုံးရိတ်သိမ်းကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် ၁ ဧကလျှင် ပျှမ်းမျှ ၈၆.၇၅ တင်းထွက်ရှိပြီး စပါးဈေးနှုန်းမှာလည်း ကွင်းဈေးပေါင်(၅၀) တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀ ကျပ်မှ ၁၇၀၀၀၀၀ ကျပ်)ဈေးဖြင့် စပါးအမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)