ကျိုက်ထိုမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများ၊ အရက်နှင့်အဖျော်ယမကာ လက်လီ/ လက်ကားအရောင်းဆိုင်များ၊ အရက်ချက်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ၇-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်မှစ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းကာ ကျိုက်ထိုမြို့နယ်၊ ငယ်ဒိုးကျေးရွာရှိ First December သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ရေသန့်လုပ်ငန်းနှင့်သက်ဆိုင်သော အထောက်အထားများ၊ ရေသန့်ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဝန်ထမ်းအင်အားအခြေအနေ၊ လျှပ်စစ်ဓာတ်အားအသုံးပြုမှု၊ မီးဘေးကာကွယ်ရေးအခြေအနေများနှင့် ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံလိုက်ပါဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

       ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ငယ်ဒိုကျေးရွာနှင့် ဇေယျာမွန်တိုးချဲ့ရပ်ကွက်ရှိ လူဦးရေနှင့်သန်းကောင်စာရင်းကောက်ယူမှုအခြေအနေများအား ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ခဲ့ပြီး ကျိုက်ထိုမြို့နယ်မြောက်ပိုင်းရပ်ကွက်ရှိ ချာလီအရက်နှင့် အဖျော်ယမကာမျိုးစုံလုပ်ငန်းများသို့သွားရောက်၍ စိစစ်ခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)