“ပဲတီစိမ်း(မိုး) များ ရိတ်သိမ်းလျက်ရှိ”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ပဲမျိုးစုံနှင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ပဲမျိုးစုံ၊ သီးနှံများအနက် ပဲတီစိမ်းသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း(မိုး) စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၁၀၇၈) ဧက၊ စဉ့်ကိုင် မြို့နယ်တွင် (၉၁၈၀) ဧက၊ မြစ်သားမြို့နယ်တွင် (၁၈၂၇၉) ဧက၊ စုစုပေါင်း (၃၈၅၃၇) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စက်တင်ဘာလဆန်းတွင် မိုးပဲတီစိမ်းများရိတ်သိမ်းလျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် (၈၆၀၂) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၆၃၉၇) ဧက၊ မြစ်သားမြို့နယ်တွင် (၁၁၂၃၄) ဧကရိတ်သိမ်းလျက်ရှိကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲတီစိမ်းတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ အများသုံးစိုက်ပျိုးသောမျိုးများမှာ ရေဆင်း(၁၁) မျိုးနှင့် ကျောက်စိမ်းမျိုးများကိုစိုက်ပျိုးကြပါသည်။ မိုးပဲတီစိမ်းကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ မြစ်သားမြို့နယ်၊ ပျော်ရွာ၊ ညောင်စဉ်၊ ရိုးကန်ရွာနှင့် ကျောက်ဆည်မြို့နယ်၊ သံရွာ၊ ဘုံကွင်းရွာ နှင့် စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်း၊ ညောင်ပင်ကြီးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင် (၆၅၀၀၀/၀) ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ပဲတီစိမ်းကို တောင်သူများက ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြကြောင်း၊ မြို့ပေါ်ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြပါသည်။ ပဲတီစိမ်းစိုက်ပျိုးမှုတွင် တချို့ကျေးရွာများတွင် ရေကြီးမြင့်သောကြောင့် ပျက်စီးမှုတချို့ရှိသော်လည်း ရေဝင်ရောက်မှုမရှိသော ရွာများမှတောင်သူများမှာ ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီးပါက (၄၁၅၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း ပဲတီစိမ်းရိတ်သိမ်းရသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)