ကုန်စိမ်းသီးနှံများ ရာသီချိန်ဖြစ်သော်လည်း ဈေးတက်လျက်ရှိ

Powered by Drupal

        မန္တလေးမြို့အတွင်းသို့ အနယ်နယ်အရပ်ဒေသများမှ ကုန်စိမ်းသီးနှံများ နေ့စဉ်ဝင်ရောက်၍ ပွဲရုံများက လက္ကားရောင်းချပြီး မန္တလေးမြို့တွင်းနှင့် အခြားမြို့နယ်ဈေးကလေးများသို့ ဝယ်ယူရောင်းချရာတွင် ပြင်ဦးလွင်မြို့၊ ဒေသထွက်များဖြစ်ကြသည့် ဂေါ်ရခါးသီး၊ ပန်းမုံလာ၊ ဗိုလ်စားပဲသီး၊ ဂေါ်ရခါးညွန့်၊ ခါကြက်ဥ၊ မုံညင်းများကို ညနေဈေးနှင့် နံနက်ဈေးတို့တွင် ရောင်းချကြပါသည်။ ယခုအချိန်တွင် ဂေါ်ရခါးသီး(၁)လုံးလျှင် ၅၀၀/၆၀၀/၇၀၀ ကျပ်၊ ယခင်နှစ်တွင် ၂၅၀/၃၀၀/၃၅၀ ကျပ်၊ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် ၂၀၀၀ကျပ်၊ ယခင်နှစ်တွင် ၁၀၀၀ကျပ်၊ ဗိုလ်စားပဲသီး(၂၅)ကျပ်သားလျှင် ၂၀၀၀ကျပ်၊ ယခင်နှစ်တွင် (၂၅)ကျပ်သားလျှင် ၇၀၀ကျပ်၊ ခါကြက်ဥ(၁၀)ကျပ်သားလျှင် ၇၀၀ကျပ်၊ ယခင်နှစ်တွင် ၃၀၀ကျပ်အထိရှိခဲ့ပါသည်။ အခြားဒေသထွက်များဖြစ်ကြသော ခရမ်းချဉ်သီး အင်းလေးသီးမှာ ယခုအချိန်တွင် ၅၀၀၀ကျပ်၊ ယခင် ၂၅၀၀ကျပ်၊ ရွာငံသီး(၁)ပိဿာလျှင် ၄၀၀၀/၄၅၀၀ ကျပ်၊ ယခင်က ၂၀၀၀ကျပ်၊ နောင်ချိုသီး(၁)ပိဿာလျှင် ယခု ၃၅၀၀ကျပ်၊ ယခင်က ၂၀၀၀ကျပ်၊ မုံရွာပင်ထောင်ခရမ်းချဉ်သီး(၁)ပိဿာလျှင် ၃၅၀၀ကျပ်၊ ယခင်က ၂၀၀၀ကျပ်၊ ရမည်းသင်း/ ပျော်ဘွယ်မြို့နယ်များမှထွက်ရှိသည့် ဗမာခရမ်းချဉ်အသီးမျိုးမှာ (၁)ပိဿာလျှင် ၆၀၀၀ကျပ်၊ ယခင်က ၃၀၀၀ကျပ်၊ ခရမ်းသီး(၁)ပိဿာလျှင် ၄၅၀၀ကျပ်၊ ယခင်က ၁၅၀၀ကျပ်၊ ပင်ထောင်ပဲသီးတောင့်ရှည် (၁)ပိဿာလျှင် ၆၀၀၀ကျပ်၊ ယခင်က ၂၅၀၀ကျပ်၊ ရုံးပတီသီး(၁)ပိဿာလျှင် ၄၅၀၀ကျပ်၊ ယခင်က ၂၀၀၀ကျပ်၊ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် ၅၀၀၀ကျပ်၊ ယခင်က ၂၀၀၀ကျပ်၊ ဗမာနံနံပင် (၁)စည်းလျှင် ၃၀၀/၄၀၀ ကျပ်၊ ယခင်က ၁၀၀ကျပ်၊ တရုတ်နံနံပင်(၁)စည်းလျှင် ၅၀၀ကျပ်၊ ယခင်က ၁၀၀ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြပါသည်။ ယခုနှစ်တွင်မူ သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးခြင်း၊ သယ်ယူစရိတ်ကြီးခြင်း၊ စိုက်ပျိုးစရိတ်ကြီးမားလာခြင်းဖြစ်ကြောင်း ကုန်စိမ်းစိုက်ပျိုးရောင်းချသူထံမှသိရပါသည်။

DOCA(မန္တလေး)