နေ့စဉ်ဝင်ငွေရသည့် တစ်နိုင်တစ်ပိုင် ငါးပိခြင်းတောင်း၊ ငါးခြောက်ခြင်းတောင်းလုပ်ငန်း

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းလုပ်ငန်းဖြစ်သော ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်းရက်လုပ်သော လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။

         အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်းရက်လုပ်ရာတွင် အသုံးပြုရသော ကုန်ကြမ်းမှာ ဝါးဖြစ်ပြီး ကုန်ကြမ်းကို ဒေသတွင်းရှိ ဝါးဆိုင်များမှဝယ်ယူရရှိပါသည်။ ခြင်းတောင်းတစ်ခြင်းထုတ်လုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် ၃၅၀ဝကျပ်ခန့်ကုန်ကျပြီး ၂၀၂၄ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ခြင်းတစ်ခြင်းရောင်းရငွေမှာ ၄၅၀ဝကျပ်ခန့်ရရှိသည့်အတွက် ခြင်းတစ်ခြင်းရောင်းရငွေအကျိုးအမြတ်မှာ ၁၀၀ဝကျပ်ခန့်ရရှိကြောင်းသိရှိရပါသည်။ တစ်နေ့လျှင် ခြင်း(၁၀)ခြင်းခန့်ထုတ်လုပ်နိုင်ပြီး ဒိုက်ဦးမြို့နယ်အတွင်းရှိ ငါးပွဲရုံများနှင့် ငါးပိပွဲရုံများသို့ ပေးပို့‌ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ လက်ရှိတွင် အဆိုပါငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်းရက်လုပ်သော လုပ်ငန်းကို လုပ်သား (၅)ဦးခန့်ဖြင့် မိသားစု တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)