ဓနုဖြူ လင်းရောင်ခြည် ဆန်စက်အား ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန်ဈေးကွက် အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လင်းရောင်းခြည် ဆန်စက်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက (၉.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ဆန်စက်လုပ်ငန်းရှင် ဦးဝင်းအောင်နှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဆန်ဈေးကွက်အခြေအနေ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

          စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက လင်းရောင်ခြည် ဆန်စက်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန်စက်ပိုင်ရှင် ဦးဝင်းအောင်အား ဆန်စပါးကို ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက်  မူဝါဒများ    ချမှတ်ရာတွင် အထောက်အကူပြုနိုင်ရေး၊ ဆန်စပါး   စိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်ငန်းစဉ်ကွင်းဆက် တစ်လျှောက်တွင် ပါဝင်ပတ်သက်သူများ   မျှတစွာ အကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်ရန် ကိုလည်းကောင်း၊ ဆန်ဈေးအတက်အကျ ကွာဟချက် ကြီးမား မှုမရှိစေရေး နှင့်   ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်လုပ်ငန်းကုန်သွယ်မှုအကျိုးအမြတ်မှ တောင်သူများရရှိသင့်သည့် အကျိုးအမြတ်အချိုးမှန်ကန်စွာ ခံစားခွင့်ရရှိစေရေး ဦးစားပေး ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ဆန်စက်လုပ်ငန်းရှင်၊ စပါးရောင်းဝယ်သူကုန်သည်၊ ဆန်ရောင်းချသူလုပ်ငန်းရှင်များ ပူးပေါင်းချိတ်ဆက်၍ ဆန်စပါး ကုန်သည်များအသင်း ဖွဲ့စည်း ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ပြီး ဆန်စပါး မူဝါဒ ချမှတ်ဆောင်ရွက်မည်ဖြစ်၍ ထုတ်လုပ်မှုနှင့်     ပြည်တွင်းပြည်ပဈေးကွက် အခြေအနေ အလားအလာကောင်းများကို ဆွေးနွေးခြင်း၊ ဆန်စက်ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)