ဘီးလင်းမြို့နယ်ရှိ “ကျေးဇူးတော်” သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၂၂.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ဆင်းသိင်္ဂီလမ်းရှိ “ကျေးဇူးတော်” သောက်ရေသန့်လုပ်ငန်းသို့သွားရောက်၍ သောက်ရေသန့်ထုတ်လုပ်ပြီး ဈေးကွက်သို့ မဖြန့်ဖြူးမီ ကုန်အညွှန်းအမှတ်အသားအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ရာတွင် “ကျေးဇူးတော်” သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်လျက် ရှိသော သောက်ရေသန့်ဗူးများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါကုန်စည်အုပ်စုအလိုက် ပါဝင်ရမည့်အချက်များ ပါဝင်မှု ရှိ/မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စစ်ဆေးခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သောက်ရေသန့်ဖြန့်ဖြူးရာတွင် သက်ဆိုင်ရာဌာနများ၏ စည်းကမ်း သတ်မှတ်ချက်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သောက်ရေသန့်စက်ရုံအတွင်း သန့်ရှင်းသပ်ရပ်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)