ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် ကြောင်လျှာသီးကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့လာရောက် ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ကြောင်လျှာသီးကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ကြောင်လျှာသီးကို မီးလေးအုံးစားစား၊ ပြုတ်ပြီး ငပိရည်နှင့်တို့တို့၊ ပါးပါးလှီးပြီးချဉ်ဖက်စိမ်စားစား၊ ဆီချက်၊ပဲမှုန့်တို့နှင့် စားပါက ထမင်းမြိန်စေသည်။ ကြောင်လျှာသီးက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဆဲလ်တွေ ထိခိုက်မှုမရှိအောင်ကာကွယ် ပေးသလို နာတာရှည်ရောဂါတွေ အန္တရာယ်က နေလည်း ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ကြောင်လျှာသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၅၀၀/၅,၀၀၀) ကျပ်နှုန်း တို့ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။