ညောင်တုန်းဆန်စပါးကုန်သည်အသင်းအသစ် ပြင်ဆင်ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ညောင်တုန်းဆန်စပါးလုပ်ငန်းရှင်များအသင်းဟောင်းဥက္ကဋ္ဌ၊ အတွင်းအရေးမှုတို့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့ တွေ့ဆုံ၍ (၉-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးက ညောင်တုန်းမြို့ ယခင်ဖွဲ့စည်းပြီးအသင်းမှ တာဝန်ရှိသူများနှင့် အသင်းအသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခြင်း၊ အသင်းသစ်ဖွဲ့စည်းမည့် အခြေအနေကိစ္စရပ်များကိုညှိနှိုင်းခြင်း၊ ဆန်စပါးဆိုင်ရာ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများထွက်ရှိလာမည်ဖြစ်၍ ဆန်စပါး ပြည်ပပို့ကုန်လုပ်ငန်းသည် အလွန်အရေးပါသည့် ကဏ္ဍဖြစ်လာမည်ဖြစ်၍ မြို့နယ်ဆန်စပါးကုန်သည်အသင်း အသစ်ပြင်ဆင်ဖွဲ့စည်းနိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းအမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နိုင်သူများကို ရွေးချယ်တင်မြှောက်ပြီး လက်ရှိဆန်စပါးစျေးကွက်အခြေအနေတည်ငြိမ်စေရေးဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အစိုးရကလည်း မူဝါဒပိုင်းဆိုင်ရာများကိုထိန်းကြောင်းဆောင်ရွက်ပြီး ဆန်စပါးစျေးကွက်အခြေအနေတည်ငြိမ်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းပြင်ဆင်ဆောင်ရွက်နိုင်ရန်ကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)