အုတ်ဖိုဒေသထွက်ငရုတ်သီး

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် ရေမြေသဘာဝအရ တောင်ကျချောင်းကြီး(၃)ခု စီးဆင်းလျက်ရှိပြီး အချို့သောဒေသခံတို့သည် စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်းလုပ်ကိုင်၍ အဆင်ပြေလျက်ရှိပါသည်။ စပါး၊ မတ်ပဲ တို့အဓိကစိုက်ပျိုးသည့် အပြင် ဂေါ်ဖီ၊ ငရုတ်၊ သခွားကဲ့သို့ ရာသီပေါ်သီးနှံများလည်း စိုက်ပျိုးထွက်ရှိပါသည်။
အုတ်ဖိုမြို့နယ်မှထွက်သော ငရုတ်သီးစိမ်းသည် ဈေးကောင်းရရှိသဖြင့် တောင်ယာသမားများ အများအပြားစိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ်စုအနေဖြင့် (၁၁)အုပ်စု၊ ကျေးရွာခွဲ(၁၅)ရွာခန့် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။ မျိုးများအနေဖြင့် ညောင်ရန်း၊ မိုးမျှော်၊ ပင်နမ်စသော မျိုးများ အဓိက စိုက်ပျိုးကြပါသည်။ ၎င်းမျိုးများမှာ ကြာရှည်အထားခံပြီး ဈေးကောင်းရသောကြောင့်ဟု သိရသည်။ ငရုတ်စိုက်(၁)ဧကလျှင် ပိဿာ ၇၀၀ခန့်အထိ ရရှိပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရကြောင်း သိရှိရသည်။ ငရုတ်သီးစိုက်ပျိုးခြင်းသည် အချိန်တိုအတွင်း ဝင်ငွေကောင်းသဖြင့် တောင်သူများ တွက်ခြေကိုက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)