ဒေသတွင်းဖယောင်းတိုင်/ ဆီမီးခွက်လုပ်ငန်းများဖြင့် ဝင်ငွေရရှိ

Powered by Drupal

ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်ရာ သီတင်းကျွတ်ပွဲတော်တွင် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်အများစုသည် ဘုရား၊ သိမ်၊ ကျောင်းများတွင် ဘုရားပန်း၊ ဆီမီးနှင့် ဖယောင်းတိုင်များကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုများပြုလုပ်ကြပါသည်။
သို့ဖြစ်ပါ၍ သီတင်းကျွတ်ကာလတွင် ဘုရားပူဇော်ရန် ဆီမီးခွက်နှင့် ဖယောင်းတိုင်များမှာ ထားဝယ်စျေးကွက်တွင် ယခင်နှစ်ထက် ပိုမိုအရောင်းအဝယ်သွက်လျက်ရှိပြီး ဒေသတွင်းမိသားစု တစ်နိုင်တစ်ပိုင်ပြုလုပ်လျက်ရှိသောကြောင့် စျေးနှုန်းပိုမိုသက်သာလျက်ရှိပြီး မြေဆီမီးခွက်တစ်ခွက်လျှင် (၁၀၀/၁၅၀)ကျပ်ခန့်၊ ဒေသထွက်ဖယောင်းတိုင်လုပ်ငန်းငယ်များသည် ကုန်ကြမ်းဖြစ်သော ဖယောင်းနှင့် မီးစာချည်ကြိုးများအား ရန်ကုန်မှမှာယူပြီး ဒေသတွင်းစျေးကွက်သို့ ဖယောင်းတိုင်အသေး ဘုရားမီးထွန်းဆိုဒ် (၃၂) တိုင်ပါတစ်ထုပ်လျှင် (၁၂၀၀)ကျပ်၊ ဖယောင်းတိုင်အသေးဆိုဒ် (၃၂)တိုင်ပါ တစ်ထုပ်လျှင် (၁၇၀၀)ကျပ်၊ ဖယောင်းတိုင်အလတ်ဆိုဒ် (၃၂)တိုင်ပါ တစ်ထုပ်လျှင် (၂၂၀၀)ကျပ်နှင့် ဖယောင်းတိုင်ဆိုဒ်အကြီး(၆)တိုင်ပါ တစ်ထုပ်လျှင်(၂၃၀၀)ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ဝင်ငွေများရရှိလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)