ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်စက်တင်ဘာလတတိပတ်နှင့် စတုတ္တပတ်တွင် ရောင်းဝယ်ခဲ့သောဈေးနှုန်းနှင့် ကွာဟမှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ပြီးခဲ့သော စက်တင်ဘာလတတိယပတ်တွင် ရောင်းဝယ်ခဲ့သော မတ်ပဲဈေး နှုန်းမှာ ပိဿာ (၂၀) တစ်တင်းလျှင် (၁၂၉၀၀၀) ကျပ်မှ (၁၃၁၀၀၀)ကျပ်အထိ ဈေးဖွင့်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ လကုန်ရက်ဖြစ်သော စတုတ္တပတ်တွင်မူ မတ်ပဲဈေးနှုန်းမှာ ပိဿာ (၂၀) တစ်တင်းလျှင် (၁၃၃၀၀၀)ကျပ် အထိတက်ရိပ်ပြခဲ့ပြီး (၁၂၉၅၀၀)ကျပ် ဈေးဖြင့်ဈေးပိတ်ခဲ့ပါသည်။
ယခု အောက်တိုဘာလပထမပတ်တွင် အဖွင့်ဈေးအနေဖြင့် မတ်ပဲပိဿာ (၂၀)တစ်တင်းကို (၁၂၉၀၀၀)ကျပ်နှင့် ဈေးဖွင့်ခဲ့ပြီး (၁၂၇၀၀၀)ကျပ်ဖြင့် ဈေးပိတ်ခဲ့ပါသည်။ အလားတူယခု ဒုတိယပတ်တွင် ဈေးအတက်အကျမရှိဘဲ (၁၂၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့ရှိရပါသည်။
တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ အိတ် (၃၅၀) ဆံ့ကားဖြင့် ရက်ခြား၍ တစ်စီးနှစ်စီးခန့် တင်ပို့နေရကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများမှ သိရပါသည်။
DOCA(ပဲခူး)
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ် မတ်ပဲဈေးနှုန်းအခြေအနေ
Powered by Drupal