ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်း၌ သစ်သီးမျိုးစုံရောင်းချသောဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ် ပိတ်ရက်မရှိဘဲ နံနက် (၀၆:၀၀) နာရီမှ နေ့လယ် (၁၄:၀၀)နာရီအချိန်ထိရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှတစ်ဆင့်ယူ၍ ရောင်းချကြောင်းသိရပါသည်။
ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်း ရောင်းချလျက်ရှိသော ထောပတ်သီးများမှာ တောင်ကြီးမြို့မှလာသော ထောပတ်သီး၊ မိုးကုတ်မြို့မှလာသော ထောပတ်သီးများဖြစ်ပြီး မန္တလေးမြို့ပွဲရုံများမှတစ်ဆင့် မှာယူရကြောင်း၊ ထောပတ်သီး တစ်အိတ်လျှင် အကြီး/ အသေးပေါ် မူတည်၍ အလုံး (၈၀)မှ (၁၀၀)ထိပါပြီးတစ်အိတ်လျှင် (၆၅၀၀၀)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ ထောပတ်သီးများကို အလုံးအကြီး/ အသေးခွဲ၍ လက်လီတစ်လုံးလျှင် အကြီး ၁၀၀၀ကျပ်၊ အလတ် ၇၀၀ကျပ်၊ အသေး ၄၀၀ကျပ်ဖြင့်ရောင်းချရကြောင်း၊ ထောပတ်သီးများကို အအေးဆိုင်များ၊ တစ်ဆင့်လှည့်လည်ရောင်းချသော ဈေးသည်များ၊ စားသုံးသူများက ဝယ်ယူကြ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီး လက္ကားရောင်းချသည့် ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)
ရွှေဘိုမြို့၏ ထောပတ်သီးဈေးနှုန်းဈေးကွက်
Powered by Drupal