![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/229_4.jpg?itok=VwP5_v3e)
မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
မြိတ်မြို့ပေါ်ရှိဆန်နှင့် ဆီအရောင်းဆိုင်များကို မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းများတည်ငြိမ်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးအတွင်း ရောင်းချရန်နှင့် စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားရှိမှုမဖြစ်စေရေး၊ အလေးချိန်မှန်ကန်စွာရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)