![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/231_5.jpg?itok=fCXh-a3-)
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းဌာနများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များနှင့် သိမ်းဆည်းထားသည့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော တရားမဝင်ဆေးဝါးများနှင့် သောက်သုံးရန်မသင့်ဆေးဝါးများအား မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပရဝုဏ်အတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့မီးရှို့ဖျက်ဆီးရာတွင် ပိုးသတ်ဆေး၊ အာရုံကြောဆေး၊ နှလုံးဆေးနှင့် ထိုးဆေးမျိုးစုံ စသည်တို့ပါဝင်ပြီး ဆေးဝါး(၁၂)မျိုးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)