ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း ယခုအခါတွင် ဒေသတွင်း အသား၊ငါး စားသုံးမှုဖူလုံစေရန်နှင့် ပိုလျှံသည်များကို တိုင်းဒေသကြီးပြင်ပနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန်ဆိုသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်နှင့်အညီ မွေးမြူရေးကို စီးပွားဖြစ် မွေးမြူခြင်းများ အပြင် မိသားစု တစ်နိုင်တစ်ပိုင်အပြင် စီးပွားဖြစ် မွေးမြူလာကြကြောင်း သိရှိရသည်။ မွေးမြူရေးတွင် ငါးမွေးမြူရေးအပြင် နွား၊ ကျွဲ၊ ဝက်၊ ဘဲ ၊ဆိတ်၊ ငုံးများစသည့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လာကြကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများအကြောင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ဇန်နဝါရီလအထိ တိရစ္ဆာန် မွေးမြူမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်_
စဉ် |
အမျိုး အစား |
ကျွဲ |
ခိုင်းနွား |
နို့စားနွား |
အသားစား ကြက် |
ဉစား ကြက် |
ဒေသ ကြက် |
ဘဲ |
ဝက် |
ဆိတ် |
ငုံး |
၁ |
စီးပွားဖြစ် |
၅၉၄ |
၂၁၉၃ |
၂၃၃၂ |
၁၆၀၇၅၅၀ |
၆၀၀၂၀၀ |
၆၇၉၈၈ |
၁၄၄၉၃၅ |
၈၁၂၈ |
၂၂၁၅ |
၁၂၃၅၀၀ |
၂ |
တစ်နိုင် တစ်ပိုင် |
၉၇၀၆၈ |
၈၅၁၈၇၂ |
၂၆၇၅ |
၃၅၈၇၀၉၇ |
၅၈၈၆၄၀ |
၅၅၈၉၁၇၄ |
၁၆၈၆၄၂၀ |
၄၂၈၈၉၉ |
၇၈၉၇၀ |
၄၅၇၈ |
|
စုစုပေါင်း |
၉၇၆၆၂ |
၈၅၄၀၆၅ |
၅၀၀၇ |
၅၁၉၄၆၄၇ |
၁၁၈၈၄၀ |
၅၆၅၇၁၆၂ |
၁၈၃၁၃၅၅ |
၄၃၇၀၂၇ |
၈၁၁၈၅ |
၁၂၈၀၇၈ |
အဆိုပါ မွေးမြူထားရှိမှုများမှ တစ်နှစ်တာကာလတွင်း ကျွဲ၊နွားနို့ ပိဿာ( ၉၅၂ )သိန်းခန့် ၊ ကျွဲနွားသားရေ (ချပ်ရေ) ၃ သောင်းကျော်ခန့် သိုးဆိတ်သားရေ (ချပ်ရေ) ၂ သောင်းခန့် ၊ အသားထုတ်လုပ်မှု စုစုပေါင်း ပိဿာ (၈၇၄) သိန်း ခန့် ၊ ဉစုစုပေါင်း လုံးရေ သိန်း (၃၀၀၀) ခန်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မွေးမြူရေးတိုးတက်လာသည်နှင့်အမျှ ပဲခူးတိုင်းဒေသကြီးအတွင်း မွေးမြူရေးအစာ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ (၈) ခုကလည်း တစ်နှစ်တာကာလအတွင်း တိရစ္ဆာန်အစာတန်ချိန် (၃) သိန်းခန့် ထုတ်လုပ်၍ မြန်မာပြည်အနှံအပြားသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။
ကျွဲ နွားမွေးမြူရေး ဆောင်ရွက်မှုများ
နွားမွေးမြူရေးအနေဖြင့် နွားမျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မေထုန်မဲ့သားစပ်လုပ်ငန်းဖြင့် တစ်နှစ်တာကာလအတွင်း ခိုင်းနွား (၁၅၂၄၈) ကောင်၊နို့စားနွား (၂၃၉၃) ကောင်၊ အသားစားနွား(၁၄၇၂) ကောင်၊စုစုပေါင်း (၁၉၁၁၃) ကောင်ကို မေထုန်မဲ့နည်းဖြင့် သားစပ်ပေးနိုင်ခဲ့ပြီး သားပေါက်ကောင်ရေ (၁၀၇၅၅) ကောင်ရှိကြောင်း သိရှိရသည်။
ခိုင်းကျွဲနွားကောင်းများ မွေးမြူခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ သယ်ယူပို့ဆောင်ရေးတွင် တောင်သူဦးကြီးများအတွက် အထောက်အကူများစွာဖြစ်ပြီး၊ နို့စားနွားများအနေဖြင့် စားသုံးသူပြည်သူများ အာဟာရဖြည့် ဓာတ်စာအနေဖြင့် နို့မှုန်၊နို့ဆီ၊ ထောပတ်၊ ဒိန်ချဉ် လုပ်ငန်းနှင့် နို့စိမ်း လုပ်ငန်းများသို့ တင်ပို့ရောင်းချနိုင်ပြီး ၊ အသားစားနွားအနေဖြင့် ပြည်တွင်းအသားစားသုံးမှုဖူလုံစေရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရန် ရည်ရွယ်၍ မွေးမြူလျက်ရှိကြောင်း သိရှိရသည်။
ခြံလှောင်စနစ်ဖြင့် နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင်ဖြစ်သော (နေပီယာမြက်) စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ရုံးများတွင် စံပြစိုက်ကွက်များအဖြစ် (၂၉) ဧက ၊ ပုဂ္ဂလိက စိုက်ပျိုးထားရှိမှု (၁၁၁.၇၁) ဧက ၊ အခြားဌာန၊ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် (၁၇) ဧက စုစုပေါင်းစိုက်ပျိုးထားရှိမှု (၁၅၇.၇၁) ဧက ရှိကြောင်း သိရှိရသည်။ စီးပွားဖြစ်နွားမွေးမြူသူများအနေဖြင့် တိရစ္ဆာန်အစာပင်(နေပီယာ) များကို ကိုယ်တိုင်စိုက်ပျိုးကြောင်း သိရှိရပြီး ဖြည့်စွက်နွားစာများအဖြစ် ပြောင်းဖူးဆန်၊ ဝါကြိတ်ဖတ်တို့ကို ရောနှောကျွေးမွေးကြောင်း သိရှိရသည်။
ဆိတ်မွေးမြူရေး ဆောင်ရွက်မှုများ
ဆိတ်မွေးမြူရေးလုပ်ငန်းများကို အများအားဖြင့် မိသားစုတစ်နိုင်တစ်ပိုင်မွေးမြူကြပြီး စီးပွားဖြစ်မွေးမြူသူမှာ နည်းပါးကြောင်း၊ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်မွေးမြူသူများအနေဖြင့် ဆိတ်များကို အစာဝယ်မကျွေးပဲ စားကျက်ကွင်းများသို့ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူကြကြောင်းသိရှိရသည်။ ဆိတ်မွေးမြူရာတွင် အသားတိုး ဆိတ်နှင့် မျိုးပွားစိတ်ဟူ၍ နှစ်မျိုးမွေးမြူကြပြီး ဆိတ်မတစ်ကောင်လျှင် တစ်နှစ် နှစ်သား ပုံမှန်မွေးဖွားကြောင်း ဆိတ်တကောင်သည် တစ်နှစ်လျှင် လေးကောင်မှ ခြောက်ကောင်အထိ မျိုးပွားနိုင်၍ ရင်းနှီးရသက်သာသည့်အပြင် အချိန်တိုအတွင်း တွက်ခြေကိုက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆိတ်မွေးမြူရေး လုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်လာကြကြောင်း သိရှိရပါသည်။
ကြက် နှင့် ဘဲ မွေးမြူရေး ဆောင်ရွက်မှုများ
ကြက်မွေးမြူရေးလုပ်ငန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မျိုးကြက်ဉထုတ်လုပ်သော မျိုးကြက်ခြံ ( ၁၁) ခြံ ရှိကြောင်း သိရှိရပြီး၊ ယင်းကြက်ခြံများတွင် ကြက်ကောင်ရေ အထီး (၇၂၆၄၅) ကောင်၊ အမ (၈၁၉၀၇၁) ကောင် မွေးမြူထားကြောင်း သိရှိရသည်။ ကြက်ဉ ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် လုံးရေ ( ၁၂၀၀ ) သိန်းခန့် ထုတ်လုပ်နိုင်ပြီး ပဲခူးမြို့ ညောင်အင်း-၁ မျိုးကြက်ခြံမှ အများဆုံး ထုတ်လုပ်ကြောင်း သိရှိရသည်။ ကြက်ဉများကို ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့အား အဓိက ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း သိရှိရသည်။ ကြက်သားပေါက်ထုတ်လုပ်သော ဖောက်စက်အနေဖြင့် (၆) ခုရှိပြီး တစ်နှစ်ထုတ်လုပ်မှုအနေဖြင့် ကြက်ပေါက် ကောင်ရေ(၂၁၀) သိန်းခန့် ထုတ်လုပ်နိုင်ပြီး ပဲခူးမြို့ ညောင်အင်းစက်မူဇုန်မှ အများဆုံးထုတ်လုပ်၍ မြန်မာပြည်အနှံ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ဘဲမွေးမြူရေးအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာတွင် ခေတ်မီနည်းစနစ်ဖြင့် ဘဲသားပေါက်ထုတ်လုပ်သော ဖောက်စက် ၁ ခုရှိပြီး တစ်နှစ်လျှင် ဘဲကောင်ရေ (၁၁) သိန်းခန့် ထုတ်လုပ်လျက်ရှိသည်။ မိရိုးဖလာ ဘဲလေးသားဖောက်လုပ်ငန်းအနေဖြင့် (၂) ခု ရှိပြီး တစ်နှစ် ထုတ်လုပ်မှုအနေဖြင့် ဘဲပေါက်ကောင်ရေ (၄) သိန်းခန့် ထုတ်လုပ်နိုင်ပြီး သနပ်ပင်မြို့နယ်တွင် အများဆုံး ထုတ်လုပ်ကြောင်း သိရှိရသည်။ ဘဲပေါက်များကို ရွှေဘို၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီမြို့များသို့ ဖြန့်ဖြူးတင်ပို့လျက်ရှိကြောင်း သိရှိရသည်။
ဝက် မွေးမြူရေး ဆောင်ရွက်မှုများ
ဝက်မွေးမြူရေးလုပ်ငန်းအနေဖြင့် တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူသူများ ဝင်ငွေတိုးတက်လာစေခြင်းဖြင့် ဒေသဖွံ့ဖြိူးမှု အထောက်အကူဖြစ်စေရန် အဓိကထားမွေးမြူလျက်ရှိကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဝက်သားပေါက် ထုတ်လုပ်သော လုပ်ငန်းအနေဖြင့် (၂) ခုရှိပြီး ပဲခူးတိုင်းဒေသကြီး အတွင်း တစ်နှစ်လျှင် ဝက်ပေါက်ကောင်ရေ (၂) သိန်းခန့်ထုတ်လုပ်လျက်ရှိပြီး ဒိုက်ဦးမြို့၊ ဘောနီမျိုးဝက်ခြံနှင့် ဖြူးမြို့နယ် ၊ လှေဒုံးကျေးရွာမျိုးဝက်ခြံမှ အများဆုံးထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။ ဝက်ပေါက်ထုတ်လုပ်သော လုပ်ငန်းများမှ ဝက်ပေါက်များကို ပဲခူး၊တောင်ငူ၊ လှည်းကူး၊ မအူပင်၊ မန္တလေး၊ တောင်ကြီးသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ပျားမွေမြူရေး ဆောင်ရွက်မှုများ
ပဲခူးတိုင်းဒေသကြီးအတွင်း ပျားမွေးမြူမှု ဖွံ့ဖြိုးရေးအနေဖြင့် တစ်နှစ်တာကာလအတွင်း ပျားအုံတိုးပွားရေးအတွက် ပျားအုံပေါင်း (၅၆၀) အုံ၊ ပျားရည်ထုတ်လုပ်မှုပေါင်း (၅) သိန်းကျော်ရှိပြီး ဝတ်မှုန်ကူး ဝန်ဆောင်မှု ဧကပေါင်း (၁) သိန်းကျော်ခန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
တိရိစ္ဆာန် မွေးမြူရေးကဏ္ဍ ဝန်ဆောင်မှုများ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကူးစက်ရောဂါကျရောက်ခြင်းကြောင့် တိရစ္ဆာန်များ သေဆုံးပြီး ဆုံးရှုံးမှုမရှိစေရေးအတွက်လဲ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများအနေဖြင့် ကျွဲ၊ နွား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး၊ ကျွဲ၊နွား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး၊ ကျွဲ၊ နွားဒေါင့် သန်းရောဂါ ကာကွယ်ဆေး၊ ကျွဲ၊နွား ပေါင်ပုပ်ရောဂါ ကာကွယ်ဆေး၊ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး၊ ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများ အနေဖြင့် မိမိတို့ တိရစ္ဆာန်များအား ဆုံးရှုံးမှု မရှိစေရန် ကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန် နှင့် မွေးမြူးရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သော အသိပညာများနှင့် တိရိစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနများကို ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)