ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ အစိုဓာတ်မ လွတ်လျှင် တစ်ပိဿာ (၈၅၀)ကျပ် နှင့် အစိုဓာတ်လွတ်လျှင် (၁၃၅၀)ကျပ်ဈေးပေါက်နေပြီး ဝယ် လက်ပါးနေသည့်အတွက် စီးဆင်းမှု အနည်းငယ် လျော့ကျနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၉၅၀၀ကျပ်၊ ထူး ၂-၁၁၅၀၀ကျပ်၊ ထူး ၃-၁၁၇၀၀ကျပ်၊ ထူး ၄-၁၂၅၀၀ကျပ်၊ ထူး ၅-၁၂၇၀၀ကျပ်၊ ထူးလွန်-၁၃၀၀၀ကျပ် နှင့် ဥတစ်လုံးမှာ ၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး တောင်သူများထံတွင် သီးနှံလက်ကျန်ပါးသော်လည်း ပွဲစားငယ်များထံမှ ဈေးကွက်အဝင်ရှိကာ ပြည်တွင်းအသုံးများ၍ စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။
အာလူးသီးနှံမှာ မျက်နီ S2-၆၃၀၀ကျပ်၊ S1-၆၀၀၀ကျပ်၊ OK-၅၈၀၀ကျပ်၊ ဆွဲသီး-၄၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၀၀၀ကျပ်ဈေးရှိနေပြီး စိုက်ခင်းများရေမြုပ်ကုန်သဖြင့် ဈေးကွက်အဝင်နည်းကာ ဈေးမြင့်တက်လာပြီး စီးဆင်းမှုမှာ ယခင်အပတ်အောက်အနည်းငယ်လျော့ကျခဲ့ပါသည်။
ချင်းသီးနှံမှာ ချင်းဥမမြေနီအကြီးစမှာ တစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှင့် အလတ်စမှာ(၃၅၀၀) ကျပ်ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပြည်တွင်းသုံးသာ စီးဆင်းနေပါသည်။
ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၁၃၀၀-၁၅၀၀ကျပ်၊ ပန်းမုံလာ ၁၈၀၀-၂၀၀၀ကျပ်၊ ခရမ်းချဉ် ဂွတ်ရှယ်သီး ၄၀၀၀ကျပ် နှင့် အသေးဆုံးသီး ၃၂၀၀ကျပ်၊ ဘိုစားပဲ-၁၂၀၀၀ကျပ်၊ မုန်လာဥနီ ၃၀၀၀- ၃၅၀၀ကျပ်၊ ဖရုံသီး ၁၈၀၀ကျပ်၊ ရွှေပဲ ၁၃၀၀၀-၁၅၀၀၀ကျပ်၊ ငြုပ်ပွ ၁၀၀၀၀-၁၂၀၀၀ကျပ်၊ ခရမ်း သီး ၃၈၀၀-၄၀၀၀ကျပ်၊ မုန်ညှင်း ၆၀၀၀ကျပ် အသီးသီးဈေးပေါက်နေကြပြီး စိုက်ခင်းရေမြုပ်ပျက်စီးမှုများကြောင့် သီးနှံများ ဈေးကွက်ဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်၍ ပွင့်လင်းရာသီရောက်မှသာ သီးနှံများဖြိုင်ဖြိုင်ပြန်ထွက်မည်ဖြစ်ကာ ယခုအပတ်တွင်လည်း စီးဆင်းမှုမှာ အနည်းငယ်လျော့နည်းနေကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)