![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/243_3.jpg?itok=8OD6pb96)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဖျာပုံမြို့၊ မြို့မဈေးကြီး အတွင်း ကုန်မျိုးစုံဆိုင်များရှိ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတွင် ပြည့်စုံမှန်ကန်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံအရောင်းဆိုင်များရှိ ရောင်းချနေသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်များတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍တွဲလျက် ဖော်ပြထားရှိမှုအခြေအနေ၊ FDA ၏ ထောက်ခံချက်များဖော်ပြထားရှိမှုနှင့် ပါဝင်ပစ္စည်း၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ရာ ရောင်းချနေသောအသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတွင် ပြည့်စုံမှန်ကန်မှုရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)