![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/236_0.png?itok=V-CEYDkr)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံ(စစ်ဆေးရေးအရာရှိ) ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ သစ်တိုချောင်းကျေးရွာရှိ “ကျော်စွာသိန်း” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်မှုတွင် “ကျော်စွာသိန်း” ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးပြည့်မီစေရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ထုပ်ပိုးမှုစနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မီစက်ကိရိယာများတပ်ဆင်ထားရှိမှုတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ ဆန်စက်ကြိတ်ခွဲရာမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျစွန့်ပစ်ထားခြင်းရှိ/ မရှိ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)