မြိတ်မြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသူကျောင်းသားများ၊ စုစုပေါင်း (၂၀၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)