ပဲခူးတိုင်းဒေသကြီးအတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချလျှက်ရှိ

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ဖြန့်ဖြူး ရောင်းချလျှက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၂၀)တွင် ပထမအကြိမ်အနေဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှစတင်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချခဲ့ရာ ပိဿာချိန် ၃၆၀၂၅၀ ကို တစ်ပိဿာလျှင် ၃၈၀၀-၄၄၅၀နှုန်းထားဖြင့်လည်းကောင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ်အနေဖြင့်  ပိဿာချိန် ၆၆၀၀၀ကို တစ်ပိဿာလျှင်၄၄၄၀-၄၅၀၀နှုန်း ထားဖြင့်လည်းကောင်း၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် တတိယအကြိမ်အနေဖြင့် ပိဿာချိန် ၃၈၅၀၀ကို တစ်ပိဿာလျှင် ၄၈၅၀-၄၉၀၀ နှုန်းထားဖြင့် လည်းကောင်း၊ ၂၀၂၂ခုနှစ်၊မတ်လ ၂၁ရက်နေ့တွင် စတုတ္ထအကြိမ်အနေဖြင့် ပိဿာချိန် ၃၃၀၀၀ကို တစ်ပိဿာလျှင် ၅၈၀၀ကျပ်နှုန်းဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ ဌာနဆိုင်ရာရုံး စုစုပေါင်း(၂၃)ဌာနအပါအဝင် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။ ပဲခူးတိုင်း‌ဒေသကြီးအတွင်း စားသုံးသူများကို အထူးဈေးနှုန်းဖြင့် စားအုန်းဆီပိဿာချိန်ပေါင်း  (၄၉၇၇၅၀) ပိဿာရောင်းချပေးပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)