အောက်တိုဘာလ ၉ရက်နေ့၊ နံနက်ပိုင်းမှစ၍ စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်တစ်ဦးချင်းစီအား မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စက်မှုလုပ်ငန်းသုံး စားအုန်းဆီများဖြန့်ဝေရောင်းချ ပေးလျက်ရှိကြောင်းသိရှိရပါသည်။ မြန်အောင်မြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူမည့် လုပ်ငန်းရှင်(၂၁၁)ဦးရှိပြီး၊ မြန်အောင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးတစ်ပိဿာလျှင် (၁၁၀၂၀/-)ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဖြန့်ဖြူးရောင်းချပေးနေမှုကို မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)