မြေပဲသီးနှံထွက်ရှိမှုနှင့် အကျိုးဖြစ်ထွန်းမှု

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် မိုးမြေပဲ (၇၂၀၂ဧက)၊ ဆောင်းမြေပဲ (၁၁၆၀၅ဧက)ကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်အောင်မြို့နယ်အတွင်း ထူးခြားသော ရေမြေသဘာဝကောင်းမွန်သည့်အတွက် လယ်ယာကိုင်းကျွန်းလုပ်ကိုင်စားသောက်ကြသည့်တောင်သူများ တွက်ခြေကိုက်လျက်ရှိကြသည်။ အထူးသဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအထူးဇုန်အဖြစ်သတ်မှတ်ဆောင်ရွက်ပြီး စိုက်ပျိုးမှုကို မြေပဲသီးနှံကို အဓိကထား၍ နှမ်း၊ နေကြာတို့ကိုလည်း ပန်းတိုင်ရည်မှန်းချက်ထားရှိကာ စိုက်ပျိုးလျက်ရှိကြပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆောင်းမြေပဲ  ၁၁၆၀၅ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း ၆၇တင်းနှုန်းထွက်ရှိခဲ့ပြီး ရောင်းဈေးမှာ တစ်တင်းလျှင် ၂၇၀၀၀ကျပ်ထိရရှိခဲ့ပါသည်။

          ၂၀၂၄ခုနှစ် မိုးမြေပဲကို ၇၂၀၂ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင်  ကုန်ကျစရိတ် ကျပ်၁၃သိန်းခန့်ရှိပြီး၊ တစ်ဧကလျှင် ပျမ်းမျှ ၆၀တင်းခန့်ထွက်ရှိကြောင် သိရှိရပါသည်။ ယခုအခါ ရာသီမြေပဲပေါ်ချိန်တွင် ရောင်းဈေးမှာ တစ်တင်းလျှင် ၃၀၀၀၀ကျပ်ထိရရှိပြီး တစ်ဧကလျှင် အကျိုးအမြတ် ကျပ်( ၅သိန်း)ခန့်ရရှိပါသည်။ ဒေသထွက်မိုးမြေပဲများကို မြို့ပေါ်ပွဲရုံလုပ်ငန်းရှင်များကဝယ်ယူကာ ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။   

DOCA(ဧရာဝတီ)