၁၂-၁၀-၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်၊ မင်္ဂလာဈေး၌ စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ရောင်းချပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ရောင်းချပေးရာတွင် အိမ်ထောင်စု (၃၀၀) ကျော်အား ရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)