“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရေန်ရည်ရွယ်ပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ဦးစားပေးကုန်စည်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအားစစ်ဆေးရန် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့ပူပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးကိုဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာမှသတ်မှတ်ထားသော အစားအသောက်များအုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော၊ ခွင့်ပြုသက်တမ်းကုန်နေသော၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များမရှိသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများကို မိမိတို့၏ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် မိမိတို့၏ဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများကိုစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးအသိပညာများ ဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)