“ သုံးခွမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များသို့ အသိပညာပေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသော လုပ်ငန်းရှင်နှင့် ကုန်စုံမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်တို့အား အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌ စည်ပင်သာယာမြို့မဈေးတာဝန်ခံရုံးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံလက်မှတ်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

        အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ သုံးခွမြို့နယ်တာဝန်ခံက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်မည်ဆိုပါက မဖြစ်မနေမှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့် အထောက်အထားများ၊ မဖြစ်မနေပူးတွဲတင်ပြရမည့်အထောက်အထားများ၊ လျှောက်ထားရန် အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများကို အသိပညာပေးဆွေးနွေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင်ထုတ်ပြန်ခဲ့ကြောင်း မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင်လျှောက်ထားပြီးမှသာလုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လပြည့်သည့်နေမှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း ၎င်းဟောပြောပွဲသို့ လုပ်ငန်းရှင် (၉)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)