“ ကော့မှူးမြို့နယ် ဈေးကွက်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ စားအုန်းဆီဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ  စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသောဈေးဆိုင်များသို့ အထက်အကြီးအကဲများ၏လမ်းညွှန်းမှုဖြင့် အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် စားအုန်းဆီဈေးနှုန်းမြင့်တက်နေသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်တင်ပြရန်အတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် အမှတ်(၃၀) စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ၊ ရတနာလွန်ကုန်စုံဆိုင်၊ အမှတ်(၂၂) ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးကိုလေးကုန်စုံဆိုင်တို့တွင် စားသုံးသူပြည်သူများအား ဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီဈေးနှုန်းအခြေအနေကို ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံမေးမြန်းစုံစမ်းခဲ့ရာတွင် အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ်မူတည်ပြီး သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်ုးဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့်လည်း အိမ်ထောင်စုတစ်စုရှိ လူဦးရေနှင့်အညီ လူတစ်ဦး တစ်ရက်လျှင် စားသုံးဆီ (၂.၂၅)ကျပ်သားနှုန်းဖြင့် တစ်ပတ်စာတွက်ပြီး တစ်ပတ်စာ သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)