ဈေးနှုန်းအနည်းငယ်ကျဆင်းလာသည့် ပုသိမ်နံနံပင်ဈေးကွက်

Powered by Drupal

    မြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆလာတွင် သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်စုံတို့တွင်လည်း တွဲဖက်အသုံးပြုသည်။ နံနံပင်ကို တို့စရာအဖြစ်လည်း စားသုံးကြသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင်ရှားပါးကာဈေးကြီးပေးရသည်။ ရေမဝပ်သောနုံးမြေသည် နံနံပင်စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ ရွှံ့စေးဆန်သော မြေနှင့်သဲမြေများ၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကိုထည့်၍ သင့်တော်သည့် မြေအနေအထားရအောင် ပြုပြင်၍စိုက်နိုင်သည်။ အပင်များ ပေါက်ပြီး (၄၅) ရက်သားမှ စတင်၍ နုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်း ပြုလုပ်နိုင်သည်။ 

    ပုသိမ်မြို့တွင်ရှိ ဈေးများတွင် ရောင်းချနေသာ နံနံပင် ဈေးနှုန်းမှာ အောက်တိုဘာလ ပထမပတ် တွင် (၁) ပိဿာလျှင် ကျပ် (၂၄၀၀၀/၂၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း ယခု အောက်တိုဘာလ ဒုတိယပတ်တွင် (၁) ပိဿာလျှင် ကျပ် (၁၄၀၀၀/၁၅၀၀၀) ဈေးနှုန်ဖြစ်သွားသည့်အတွက် ကာလတူနှိုင်းယှဉ်ပါက (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) ဝန်းကျင် လျော့နည်းလျက်ရှိပြီး နံနံပင် စတင်စိုက်ပျိုးသည့် ရာသီရောက်ရှိနေပြီဖြစ်သဖြင့် ယခုလိုဈေးနှုန်းလျော့ကျလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)