“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသည့်ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသည့်ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော မေခလာဆေးဆိုင်၊ အေးမင်းစိုးဆေးဆိုင်၊ ဝင်းလဲ့ရည်စိုးဆေးဆိုင်နှင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မကျီးကန်ရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်တို့တွင် ကော့မှူးမြို့နယ် စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲလျက်ရှိသော ဆေးဝါးများ၏ဈေးနှုန်းပြောင်းလဲမှုအခြေအနေ၊ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ဖြစ်ပေါ်ပြောင်းလဲမှုဈေးနှုန်းအခြေအနေတို့အား လစဉ်မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ယခင်လနှင့် ယခုလဆေးဝါးများ၏ဈေးနှုန်းမှာ ထူးခြားပြောင်းလဲမှုမရှိကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)