“ ကော့မှူးမြို့နယ်၌ အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးပွဲကို အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့ဈေးတာဝန်ခံရုံး၌ ကျင်းခဲ့ကြောင်းသိရသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပြောကြားခဲ့ရာတွင် ကော့မှူးမြိုနယ်၊ စည်ပင်သာယာမြို့မဈေးတာဝန်ခံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကော့မှူးမြိုနယ်တာဝန်ခံက စားသုံသူ၏အမည်နှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းမှဈေးဝယ်ယူခြင်းမှ ရရှိလာမည့်အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းလိမ်လည်မှုပုံစံများဖြစ်သော စားသုံးသူထံမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်စီစဉ်ပြီး ငွေကြေးရယူသည့်လိမ်လည်မှုနှင့် ကုန်စည်/ ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်းသည့် လိမ်လည်မှုတို့အား ဥပမာပေးပြောကြားခဲ့ပြီး အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများစိစစ်သင့်သည့် အချက်အလက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်၏အကြောင်းအရာများ၊ အမှန်တကယ်နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားလာသည့်ကိစ္စရပ်များအပေါ် စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်ခြင်း စသည့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)