ရွှေကူရပ်ကွက်တွင်စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်စနစ်တကျဖြန့်ခွဲနိုင်ရေးဆွေးနွေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၀.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရွှေကူရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ရပ်ကွက် အတွင်း စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ခွဲနိုင်ရေးဆွေးနွေး ဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်တာဝန်ခံဦးမိုးကျော်မှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ကျေးရွာ၊ ရပ်ကွက်အတွင်းရောင်းချရာတွင် အုပ်ချုပ်ရေးမှူးများအနေဖြင့် ကုန်စုံဆိုင်ပိုင်ရှင် များအားစနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ ပြည်သူလူထုများ လက်ဝယ်သို့အရောက်ရောင်းချပေးနိုင်ရေး၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ အိမ်ထောင်စုစာရင်းကိုင်ဆောင်ထားသည့် အိမ်ထောင်စုတိုင်းကို ရောင်းချပေးရန်၊ အဆင်မပြေမှုများရှိလာလျှင်လည်း မိမိကိုယ်တိုင်လာရောက်၍အဆင်ပြေချောမွေ့စေရေးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)