လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် (၁၄-၁၀-၂၀၂၄)ရက်နေ့တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးအတွင်းရှိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးရာ၌ ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အလှကုန်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ကိုယ်တိုက်ဆပ်ပြာအမျိုးမျိုးတို့တွင် ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)