မုဒုံမြို့နယ်တွင် စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များဆိုင်ရာ သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄.၁၀.၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ “စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး (Talk Show)”ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းမှ (Talk Show) ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဦးစီးဌာန၏ဆောင်ပုဒ် (Motto)၊ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission) အကြောင်းအရာများ၊ စစ်ဆေးရေးအရာရှိ၏ အခန်းကဏ္ဍများ၊ စစ်ဆေးရေးအရာရှိခန့်အပ်ထားရှိမှုအခြေအနေ၊ စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များ၊ ဈေးကွက်အတွင်း ဦးစားပေးကုန်စည်များအား စစ်ဆေးမှုအခြေအနေများ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)