ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၊ ကျားတက်ကျေးရွာရှိ ယက်ကန်းလုပ်ငန်းများအားသွားရောက်လေ့လာရာ၌ယခင်က ကျေးရွာတွင် ယက်ကန်းလုပ်ကိုင်သူ ၅၀ ဦးခန့်ရှိပြီး တစ်ဦးလျှင် ယက်ကန်းစင် ၇စင် မှ ၁၀ စင်အတွင်း လုပ်ကိုင်ကြသော်လည်း ယခုအခါတွင် ၅ဦးခန့်သာရှိပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ယက်ကန်းစင် ၃ စင်ခန့်နှင့် လုပ်သား ၃ ဦးသာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းဖြစ်သော ချည်ထည် ၁၀ ပေါင်ထုပ်တစ်ထုပ်လျှင် ၉၇၀၀၀ ကျပ်ဖြင့် ရန်ကုန်သိမ်ကြီးဈေးမှဝယ်ယူရပြီး ကုန်ချောအထည် ၁၅ ထည်ခန့် ထုတ်လုပ်နိုင်ပါကြောင်း၊ အမျိုး သမီးဝတ် အထည်များသာ ထုတ်လုပ်ပြီး တစ်ထည်လျှင် ၁၂၅၀၀ မှ ၁၃၀၀၀ ကျပ်ခန့် ရရှိပါသည်။ လုပ်သားတစ်ဦးလျှင် တစ်နေ့အထည် ၃ ထည် ၄ ထည်ခန့်သာ ထုတ်လုပ်နိုင်ပါသည်။ လုပ်သားခမှာတစ်ထည်လျှင် ၂၂၀၀ ကျပ်မှ ၃၀၀၀ ကျပ်အတွင်း ရရှိပါသည်။ အထည်ကုန်ချောများကိုရန်ကုန်မြို့ ၊ သိမ်ကြီးဈေးသို့ တင်သွင်းဖြန့်ဖြူးပြီး အခြားနယ်များမှ မှာယူသည်များကိုလည်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
ကဝမြို့နယ် ကျားတက်ကျေးရွာမှ ယက်ကန်းလုပ်ငန်း
Powered by Drupal