မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး ယင်းတို့မှ ထွက်ရှိသည့် ငါးကိုအခြေခံထုတ်ထုတ်လုပ်ထားသည့် ငါးပိ၊ ငါးခြောက်များသည် လူတန်းစားမရွေးစားသုံးလေ့ရှိသလို လူကြီးများအနေဖြင့် မနက်ခင်းစာအဖြစ် စားသောက်လေ့ရှိသည် စားသောက်ကုန်တစ်မျိုးလည်းဖြစ်သောကြောင့် လူကြီးများအား ဂါရဝပြု လက်ဆောင်ပေးအပ်ရာတွင် အသင့်တော်ဆုံးသော စားသောက်ကုန် ဖြစ်ပေသည်။ ပဲခူးတိုင်းဒေသကြီးသည် မြစ်ချောင်း၊ အင်းအိုင်ပေါများသလို ငါးပိ၊ ငါးခြောက်၊ ငါးချဉ်လုပ်ငန်းများသည်လည်းပေါများပါသည်။ ပဲခူးတိုင်း၊ ပျဉ်ပုံကြီးရွာရှိ မိုးယွန်းကြီး ငါးရံ့ခြောက်သည် ဆားပေါ့၍ ကျန်းမာရေးနှင့် ညီညွတ်သောကြောင့် လူကြိုက်များသော ဒေသထွက်ကုန်တစ်မျိုးလည်းဖြစ်သည်။ ငါးရံ့ခြောက်ပြုလုပ်သည့် ငါးရံ့များကို ပဲခူး၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင် မြို့နယ်များရှိ ငါးဒိုင်များမှ ဝယ်ယူကြောင်းသိရှိရပြီး ငါးရံ့အစိုတစ်ပိဿာအား ခွဲခြမ်းပြီးနေလှန်းပါက ငါးခြောက် ၂၅ ကျပ်သားမှ ၃၀ သားခန့် ထွက်ရှကြောင်းသိရှိရသည်။ ငါးရံ့ခြောက်များကို တစ်ပိဿာလျှင် အကောင်အရွယ်အစားပေါ် မူတည်၍ ၇၀၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ်ထိ ဈေးနှုန်းအမျိုးမျိုးရှိပြီး အသင့်စားမီးကင်ငါးရံ့ခြောက်များကို တစ်ဆယ်သားတစ်ဘူးလျှင် ၃၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ထိုက်သင့်သောအကျိုးအမြတ်ရရှိကြောင်းလည်း သိရှိရသည်။ ရောင်းအားအနေဖြင့် တစ်နေ့လျှင် ၁၅ ပိဿာမှ ၃၀ ပိဿာခန့် ရောင်းချရကြောင်း ပဲခူးမြို့ ၃၉ မိုင်၊ ပဲခူးမြို့ ၃၉မိုင်၊ ဘုရားကြီး၊ ပျဉ်ပုံတို့တွင် အဓိကထားရောင်းချလျက်ရှိပြီး နိုင်ငံအတွင်းရန်ကုန်၊ မန္တလေးနှင့် မှာယူသည့်မြို့များသို့ တင်ပို့ရောင်းချပြီး ထိုင်း၊မလေး၊စင်္ကပူစသည့်မြို့များသို့ လက်ဆောင်ပေးရန် ဝယ်ယူမှုများလည်းရှိကြောင်း၊ ယခုအချိန်ကာလသည် ဝါလကင်းလွတ်သီတင်းကျွတ်ရာသီ ဖြစ်သောကြောင့် ရောင်းအားအနေဖြင့် ပိုမိုများပြားလာကြောင်း မိုးယွန်းကြီး ငါးရံ့ခြောက်ပိုင်ရှင် ဦးတင်ကိုကိုလှိုင်၏ ပြောကြား ချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)
ပဲခူးဒေသထွက်ကုန် မိုးယွန်းကြီးငါးရံ့ခြောက်
Powered by Drupal