ပျဉ်ပုံကြီး၊ ကိုင်းတာရွာသစ်မှ သံရည်ကျိုလုပ်ငန်း

Powered by Drupal

ပဲခူးခရိုင်၊ ပျဉ်ပုံကြီးရှိ ကိုင်းတောရွာသစ်တွင် သံရည်ကျိုပုံလောင်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ သံရည်ကျိုလုပ်ငန်းအား လုပ်ဆောင်ရာတွင် ကုန်ကြမ်းအနေဖြင့် သံကျွတ်၊ ကားအင်ဂျင်ဟောင်း၊ သံအထည်ဟောင်းများကို အသုံးပြုကြောင်း၊ ကုန်ကြမ်းများအား ဒေသအတွင်းမှပင် ဝယ်ယူကြောင်း သိရှိရသည်။ တစ်နေ့လျှင် နန်းဆွဲ တစ်တန်ခွဲထုတ်လုပ်လျက်ရှိပြီး တစ်လလျှင် ပျှမ်းမျှ ရက် ၃၀ ခန့် ထုတ်လုပ်ကြောင်း သိရှိရသည်။ တစ်နေ့ သံရည်ကျို ၄ တန်ထုတ်လုပ်ပြီး တစ်လပျှမ်းမျှ ၂၄ ရက်ခန့် ထုတ်လုပ်ကြောင်း သိရသည်။ ကုန်ချောတစ်ပိဿာလျှင် ထုတ်လုပ်မှုပေါ် မူတည်၍ ၄၂၀၀ ကျပ်မှ ၄၈၀၀ ကျပ်ထိရောင်းချပြီး ထုတ်ကုန်အနေဖြင့် လယ်ယာသုံးပစ္စည်း ၁ပိဿာလျှင် ၄၅၀၀ ကျပ်၊ သံကြွပ်ပန်း ၁ ပိဿာလျှင် ၄၂၀၀ ကျပ် ခန့် ရောင်းချကြောင်း သိရှိရပါသည်။ ကုန်ချောများကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကော့သောင်းမြို့ များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပြီး အရောင်းအဝယ်အနေဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ထိုက်သင့်သောအကျိုးအမြတ်ရရှိကြောင်း သံရည်ကျိုနှင့် သံနန်းဆွဲများအား အဆင့်မြှင့်ပြုလုပ်၍ ထပ်မံတိုးချဲ့ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သံရည်ကျိုပုံလောင်း လုပ်ငန်းပိုင်ရှင် ဦးအေးဝင်း၏ ပြောကြားချက်အရ သိရှိခဲ့ရပါသည်။
DOCA(ပဲခူး)