
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်အတွင်းရှိ ဆန်ရောင်းချနေသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်တွင်းဒေသထွက်ဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသောဈေးကွက်၊ ဆန်ရည်ညွှန်းဈေးနှုန်းများကို သိရှိလိုက်နာဆောင်ရွက်ရန် ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)