သာယာဝတီခရိုင်မင်းလှမြို့နယ်တွင်ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းခြင်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း မင်းလှမြို့နယ်တွင်(၁၄.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အတူ မြို့နယ်ဆရာဝန်ကြီး ဦးဆောင်လျက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းအဖွဲ့တို့သည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့် ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိ၊ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးများပြတ်လပ်ခြင်းရှိ/ မရှိ၊ ဆေးပစ္စည်းများ လက်ကျန်မြေပြင်အခြေအနေများနှင့် ဈေးနှုန်းမြင့်တင်ရောင်းချမှု့ရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)